Monday, December 10, 2012

လင်းရိပ်နင်တဲ့နေ့





ရင်ရဲ့လင်းလတ်လာတဲ့အလင်းနဲ့
ရင်ကိုပြန်ကွယ်ထားခံရတဲ့နေ့
အဲဒီနေ့က
ဘ၀နဲ့အိပ်မက်တစ်ထပ်တည်းမကျခဲ့ပုံ
ဆောင်းရာသီက
ထစ်ချူန်းမိုးတွေရွာပြီသရုပ်ဖေါ်တယ်၊
တစ်ဘ၀မှာတစ်ပုဒ်တည်း
စိတ်ရေးဖွဲ့ခဲ့သမျှ အိပ်မက်ချွေတမ်းမှာ
အလွမ်းနဲ့အနားကွတ်နေရုံကလွဲလို့
မင်းရင်ခုံသံတွေပြန်မလာနိုင်တော့
စိတ်က
ဘ၀ရဲ့အပေါ်စီးကနေကြည့်ချင်ခဲ့တယ်
ကောင်မလေးရေ
ညကလကိုကွယ်တာလား
ညကိုလကကွယ်တာလား
မင်အလိုကျ
ငါ့ကိုယ်ငါပြန်ကွယ်ထားလိုက်ချင်ရဲ့
ခုတော့
အိပ်ဆေးမတိုးတော့တဲ့ညနဲ့
ကဗျာတွေဝေါဟာရမဲ့လို့
ပန်းချီကားတွေဆေးရောင်ပြယ်လို့
ငါ့နာမည်လည်း
အလွမ်းမှာမွန်းနစ်လို့

No comments: