Thursday, January 24, 2013

အလွမ်း


ချစ်သူရယ်---  သမုဒယအတိမ်အနက်ဆိုတာ ဘယ်လိုအနုအလှတွေနဲ့ ဖွဲ့ဆိုလို့မှီနိုင်ပါ့မလဲ၊
ကြာရင်မေ့သွားမယ်ထင်ခဲ့သမျှ အနေဝေးလေလေ မြတ်နိုးစိတ်နဲ့ လွမ်းလေလေပါပဲ ချစ်သူ၊ မင်းနေလို့မှကောင်းရဲ့ အလုပ်တွေကော အဆင်ပြေရဲ့လား အစစအရာရာ အဆင်မှ
ပြေပါရဲ့လားစိုးရိမ်စိတ်နဲ့ ဒီရင်ဟာ အမြဲပူလောင်နေဆဲပါ၊ အရာရာလွဲချော်တတ်လွန်းတဲ့
အကျိုးပေးနဲ့ တို့ဝေးခဲ့ကြတယ် နေ့စဉ်ဆေးစက်ချအနုပညာမှာ မင်းအကြောင်းတွေ
ပဲကြီးစိုးနေတယ် ကော်ဖီသောက်တဲ့အခါလေးမှာတောင်မှ မင်းသောက်ခဲ့တဲ့
နက်(စ်)ကော်ဖီရနံ့လေးက သင်းပျံ့နေဆဲ တစ်တဒင်္ဂဆိုတဲ့အချိန်းအချက်လေးထဲမှာ အလင်းအမှောင်လှည့်ကွက်အလိုက် အလွမ်းတို့သံသရာဝေနေဆဲမနက်ဖြန်
ဘာတွေဖြစ်လာဦးမည်လဲ မစဉ်းစားချင်တော့၊ စိတ်ကူမှာတောင် တစ်ယောက်ရင်ကို
တစ်ယောက်ဖတ်မရှိတော့မှတော့ ရယ်သံလွင်လွင်လွှမ်း  ခရမ်းလွင်ညချမ်းလေး
တွေနဲ့ ဖြတ်သန်းခွင့်ဝေးခဲ့ပြီပဲ၊ သီဆိုခဲ့သမျှ သိင်္ဂါရရုပ်ကြွင်းတွေနဲ့ အထီးကျန်နေ့စွဲ
များကလွဲရင် ဒီဂစ်တာဟာ ဘာဂီတမှ ရှင်သန်ခွင့်မရှိတော့တဲ့ မိုးခေါင်ရေရှားဒေသ
တစ်ခု ဖြစ်ခဲပြီပဲ၊ တကယ်တော့လည်း ဘ၀ဆိုတာ အနုပညာဆန်ဘို့ အလွမ်းနဲ့အညှို့ 
ခံလိုက်ရတဲ့ပန်းချီကားတစ်ချပ်ပါ ချစ်သူ၊

အလွမ်တွေညှို့ယူထားတဲ့ဆည်ဆာတွေ
ကင်းဗတ်စပေါ်ဖရိုဖရဲပြန့် ကျဲနေပုံများ
မချင့်မရဲစိတ်နဲ့
အိပ်မက်တစ်ခုလို ငေးကြည့်မိတယ်
တည်ရာမဲ့ခြေလှမ်းများရဲ့ နားခိုရာ
မြေနီလမ်းကလေး
ခရမ်းပြာညနေ
အုံ့ဆိုင်းနေတဲ့ကောင်ကင်အောက်
ဟိုးတစ်ချိန်က
သူမနာမည်နဲ့ကျွန်တော့်နာမည်
မေတ္တာစမ်းချောင်းလေးအတိုင်း
အပြန်အလှန်ဖြစ်ခဲ့ပုံ----------၊

နှင်းတွေဖွဲဖွဲကျ ကြွမ်းလောင်နေဆဲမြေနီလမ်းကလေးအကြောင်း ငါ့ သောကြာဒေါင့်စွန်းမှာဆွဲချိတ်ထားမယ်
အို--ဗီးနပ် နတ်သမီး တည်ငြိမ်မဲ့ငါ့ကံတရားကို သင့် ငြိမ်းချမ်းမှုများ နဲ့ဆေးကျောသန့်စင်ပြီး ချစ်သူ့အတွက်
သနပ်ခါးသွေးပေးခွင့်ရအောင်  သင်ဘာကြောင့် ဆောင်ကြဉ်းမပေးနိုင်ခဲ့တာလဲ။

No comments: