Friday, February 15, 2013

ခရမ်းပြာနေ့



ဒီနေ့လည်းနေမသာဘူး

အလွမ်းတွေ နဲ့အုံ့ဆိုင်းနေတဲ့ကောင်းကင်က
ငါ အစားမှားခဲ့တာပါတဲ့ သူ့ချော်ရည်တွေသွန်ချပြီးပြောတယ်၊

စောင့်နေကျကားမှတ်တိုင်လေးမှာ ဘယ်တော့စိမ်းလာမည်မသိတဲ့မီးပွိုင့်လေးကိုငေးရင်း ငါ့ကိုယ်ငါပျောက်ဆုံးနေခဲ့၊
အစရှိလျှင် အဆုံးရှိတယ်တဲ့ ကောက်ကြောင်းမလေးရေ--- ငါတို့နှစ်ပြီးဆုံးသွားပြီလို့သတ်မှတ်မယ်ဆိုလျှင် အစကိုဘယ်လိုပြန်ပုံဖေါ်ကြမလဲ၊

 ကောင်းကင်ကိုမော့ကြည့်တော့သူလည်း
သူ့မောဟနဲ့သူ
ငါ့ကိုယ်ငါပြန်ကြည့်မိတော့လည်း ငါ့သောကနဲ့ငါ
ဟော ကြည့်စမ်း
စမ်းချောင်းလေးဖြတ်စီးဆင်းသွားတယ်
 ကောင်းကင်ရေ
မင်းငိုနေသလား ငါတော့ဘယ်တော့မှမငိုဘူး

ကောင်းကင်ကပြန်မေးတယ်
 မင်းက 
တိဗက်ဆောင်းရာသီလားတဲ့
 ကောင်မလေးရေ
ငါဘယ်လိုဖြေလိုက်ရမှာလဲ
 ည--အိပ်ဆေးမတိုးတာဘယ်လောက်ကြာပြီလဲ၊ တစ်ဘ၀မှာတစ်ခါဘဲမက်ခွင့်ရှိတဲ့အိပ်မက်
 ဘာကြောင့်များနင် ငါ့ကော်ဖီခွက်ထဲ အလွမ်းနဲ့ရော ခက်ခဲ့တာလဲ၊
ခုတော့ 

လူမသိသူမသိ တိတ်တိတ်လေးဖျားနာနေတဲ့အိပ်ယာလေးနဲ့ 
အလွမ်းတွေ
မင်းအလိုကျ သံသရာရှည်အောင်ဆန့်လိုက်ပါတယ်၊

No comments: