Monday, November 5, 2012

မေ့သွားသောအပိုင်းအစများ


လူ့ဘ၀ဆိုတာ ဒုက္ခတရားတို့ပျော်စံရာဘုံလား
စိန်ခေါ်မှုတွေရှင်သန်ရာမြေယာကောင်းလည်ကွက်တစ်ခုပဲလား
ဖြစ်ချင်တာတွေဖြစ်မလာတဲ့အခါ
ရင်မောခဲ့ရတဲ့နေ့တွေလဲမရေတွက်နိုင်တော့
အသိ
သတိ
ယတိပြတ်ဆုံးဖြတ်ရခက်တဲ့ပုစ္ဆာများနဲ့
တစ်နေ့တစ်ခြားကြီးကြယ်ခန်းနားခဲ့တာ၊
ကောင်မလေးရေ-----
မင်းနဲ့စဝေးခဲ့ရတုန်းကပေါ့
ကမ္ဘာကြီးဆုံးရှုံးပျောက်ဆုံးသွားပြီထင်မှတ်ခဲ့ဘူးတယ်
အချိန်
တစ်ရွေ့ရွေ့ကုန်လွန်မှုမှာ
ဟိုးအဝေးကတိမ်တွေလို ခံစားမှုများ ငါ့အတွက်အခရာအဖြစ်တည်မနေတော့၊
ဒီနေ့ဖြေရှင်းရခက်တဲ့ပုစ္ဆာဆိုတာ
မနက်ဖြန်မှာ ဟာသတစ်ပုဒ်
မသေချာမှုတွေရဲ့ စမ်းသပ်မှုမှာ
အောင်မြင်မှုက အကြိမ်ကြိမ်ရင်ခုန်ခဲ့တာ၊
အချစ်
ဘယ်သူများနာမည်တပ်မှားခဲ့တာလဲ
ငါ့တို့တတွေအဲဒါနာမည်အမှားနဲ့
ဖြားယောင်းခံခဲ့ရပေါင်းလဲမရေတွက်နိုင်တော့၊
ဒီနေ့
မနက်ဖြန်
ဟိုးအဝေးဆိုတာ စိတ်အာဟာရ
ဦးနှောက်ကိုတစ်ခါတစ်လေသော့ခက်ထားရမှအဆင်ပြေမယ်။

No comments: