Friday, November 9, 2012

တကိုယ်ရေမှတ်တမ်း


ဘာရယ်မဟုတ်ဘူး
မိုင်တိုင်အမှတ်(26)အလွန်ရောက်မှ
အချစ်ကိုစိတ်နဲ့ကစားကြည့်ခဲ့တာ
ဘာရယ်မဟုတ်ဘူး
နှင်းဆီဝါအိပ်မက်တစ်လှေစာနဲ့
ဘ၀ကိုသွေးတိုးစမ်းကြည့်ခဲ့တာ
ဘာရယ်မဟုတ်ဘူး
တစ်သက်စာစိတ်ကူးချိုချိုတွေနဲ့
မင်းမျက်နှာကိုတိတ်တိတ်လေးပုံရိပ်ကူးခဲ့တာ
ဘာရယ်မဟုတ်ဘူး
(ဘာမသိညာမသိ)
နယ်ကျွံယုံကြည်ချက်တွေနဲ့
ဘုရားရှေ့မှာအတူအဓိဋ္ဌာန်ခဲ့တာ
ကောင်မလေးရ
ဘာမဟုတ်ညာမဟုတ် နင်ထွက်သွားတော့
အချစ်ကစိတ်ကိုပြန်ကစားလို့
အိပ်မက်ကညကိုပြန်လှည့်စားလို့
ပြောဖြစ်ခဲ့သမျှစကားလုံးလှလှလေးတွေက
ငါ့ကော်ဖီခွက်ထဲမိုးတွေရွာစေလို့
မင်းပုံရိပ်က
ငါ့နှလုံးသားမှာအမာရွတ်လိုထင်ကျန်ရစ်လို့
ခုတော့
ဘာမသိညာမသိ
အခွံသက်သက်မိုးလို
ငါ--လွင့်မျောနေခဲ့။

No comments: