မပြီးဆုံးသေးတဲ့အရာတွေသာပြီးဆုံ
မင်းလည်းမင်းညကိုဆက်ချော့မြှူရံ
ငါလည်းငါ့ကံကြမ္မာကိုဆက်လက်ယုံလိ
လိုအပ်နေတာတွေအဝေးကိုထွက်ခွါသွာ
တိုးတိတ်နေဆဲပင့်သက်တို့နဲ့အတူေ
မပြုံးပဲပြုံးနေတဲ့မင်းသဘောထားန
မကြည့်ပဲကြည့်နေဆဲငါ့မျက်ဝန်းတေ
လမ်းတစ်လမ်းထဲမှာဖြစ်ဖြစ်
ဟိုးတစ်ချိန်ကလိုမျိုး
ငါ့တို့ရဲ့အတိတ်စိမ်းစိမ်းတောအုပ်လေးကိုငဲ့မကြည့်ပဲလှည့်ထွက်သွားပေးပါ
တကယ်ဆို
ကောင်းကင်ကိုပန်ထားတဲ့ပင်လယ်ရဲ့ရူးမိုက်မှုအလှတရားနဲ့
ကမ္ဘာမြေဟာမျက်နှာပျက်ခဲ့ရပြီပဲ
အလွမ်းသီချင်း
ဘ၀ရဲ့အဓိပ္ပါယ်ဆိုတာဒါပဲလား
အရည်ပျော်သွားရမယ့်ရသစာတမ်းမှာဘယ်လိုသေတမ်းစာနဲ့နိဂုံးသတ်ရမလဲ
ခုတော့
တစ်ခါမှမတွေ့ခဲ့ကြသလိုမျိုး
ဟန်ဆောင်ပန်ဆောင်လှည့်ထွက်လိုက်ရတဲ့ရင်ရဲ့ရှိုက်သံများ
အေးစက်ယောင်ဆောင်လိုက်ရတဲ့သွေးခုန်သံရိုင်းများ
ကိုယ့်လမ်းကိုမျှော်ကြည့်သလိုလိုနဲ့သက္ကရာဇ်တွေပြန်တူးဖေါ်နေတဲ့မရင့်ကျက်မှုများ
မိုးနဲ့ဆေးကျောလို့မရတော့တဲ့လွဲချော်မှုအယဉ်အရိုင်းလေးများ
လယ်ကွင်းတွေလိုနောက်ကောက်ကျကျန်ခဲ့တဲ့မပြီးဆုံးသေးတဲ့ရေးချယ်မှုအတ္တများ
ဘယ်လိုတရားနဲ့ငြိမ်းချမ်းရေးကမ်းလှမ်းရပါ့၊
မပြီးဆုံးသေးတဲ့အရာတွေသာပြီးဆုံးသွားတဲ့နိယာမတစ်ခုဖြစ်ခဲ့လျှင်
မင်းနာမည်နဲ့ငါ့နာမည်
နိမိတ်တစ်ခုတည်းမှာအတူရှိခဲ့ဘူတဲ့အကြောင်းငါမေ့ဟန်ဆောင်လိုက်ပါ့မယ်
အားလုံးပြီးတော့မှ
လူမသိသူမသိ
မင်းစိတ်ကူးနဲ့ငါ့စိတ်ကူးပေါင်းစည်းခဲ့ဘူးတဲ့တစ်လမ်းသွားတံတားလေးတစ်လျှောက်
မင်းကျကျန်ခဲ့တဲ့စကားတွေငါသီကောက်နေတော့မယ့်
ငါပေးခဲ့ဘူးတဲ့မင်းရဲ့အထင်မကြီးတဲ့ဂုဏ်သိက္ခာတွေနဲ့ငါပြန်ပြီးကဗျာဖွဲ့နေလိုက်တော့မယ်
မင်းအလေးမထားခဲ့တဲ့မင်းရနံ့သင်းသင်းလေးတွေကိုပဲ
ကောက်သင်းကောက်သူတစ်ယောက်လိုငါသိမ်းကောက်လိုက်တော့မယ်
လမ်းမှာတွေ့တဲ့အခါ
မင်းနဲ့ငါ-------မဆုံခင်တစ်နေ့ကလိုနေလိုက်တော့မယ်။
ဟိုးတစ်ချိန်ကလိုမျိုး
ငါ့တို့ရဲ့အတိတ်စိမ်းစိမ်းတောအု
တကယ်ဆို
ကောင်းကင်ကိုပန်ထားတဲ့ပင်လယ်ရဲ့
ကမ္ဘာမြေဟာမျက်နှာပျက်ခဲ့ရပြီပဲ
အလွမ်းသီချင်း
ဘ၀ရဲ့အဓိပ္ပါယ်ဆိုတာဒါပဲလား
အရည်ပျော်သွားရမယ့်ရသစာတမ်းမှာဘ
ခုတော့
တစ်ခါမှမတွေ့ခဲ့ကြသလိုမျိုး
ဟန်ဆောင်ပန်ဆောင်လှည့်ထွက်လိုက်
အေးစက်ယောင်ဆောင်လိုက်ရတဲ့သွေးခ
ကိုယ့်လမ်းကိုမျှော်ကြည့်သလိုလိ
မိုးနဲ့ဆေးကျောလို့မရတော့တဲ့လွဲ
လယ်ကွင်းတွေလိုနောက်ကောက်ကျကျန်
ဘယ်လိုတရားနဲ့ငြိမ်းချမ်းရေးကမ်
မပြီးဆုံးသေးတဲ့အရာတွေသာပြီးဆုံ
မင်းနာမည်နဲ့ငါ့နာမည်
နိမိတ်တစ်ခုတည်းမှာအတူရှိခဲ့ဘူတ
အားလုံးပြီးတော့မှ
လူမသိသူမသိ
မင်းစိတ်ကူးနဲ့ငါ့စိတ်ကူးပေါင်း
မင်းကျကျန်ခဲ့တဲ့စကားတွေငါသီကော
ငါပေးခဲ့ဘူးတဲ့မင်းရဲ့အထင်မကြီး
မင်းအလေးမထားခဲ့တဲ့မင်းရနံ့သင်း
ကောက်သင်းကောက်သူတစ်ယောက်လိုငါသ
လမ်းမှာတွေ့တဲ့အခါ
မင်းနဲ့ငါ-------မဆုံခင်တစ်နေ့က
No comments:
Post a Comment