Friday, November 9, 2012

ကဗျာတေလေ


နေ့တွေအလေအလွင့်များလွန်းတယ်
ကဗျာမဖြစ်တဲ့ စိတ်အကျိုးအကြေတွေနဲ့
ဘ၀က နေ့စဉ် ၀တ်မပျက် အလေ့အကျင့်လေးအတိုင်းအလေးလံဆုံးရွေ့လျားမှုနဲ့
အိုမင်းရင့်ရော်လို့၊
မေမေရေ.......
မေမေပြောပြောနေတဲ့အိပ်မက်ရိုးပြတ်လေးဆိုတာ သားဘ၀ပဲလား
အလေ့ကျသစ်တစ်ပင်လိုတောင် လွတ်လပ်စွာစိမ်းလန်းခွင့်မဲ့ တိမ်တစ်အုပ်နဲ့
ညဟာ အမှောင်နံရံမှာကပ်ငြိနေခဲ့၊
ဆောင်းရာသီရောက်တော့မည်
အနွေးဓာတ်မဲ့အိပ်ယာခင်းလေးလဲ
ငါ့အသွေးအသားလိုအေးခဲလို့၊
ပြန်မရနိုင်တော့တဲ့နေ့တွေကိုလွမ်းတာ ပျော့ညံ့ခြင်းလား
တစ်ခါတစ်လေ
ဘ၀ရဲ့အာသီသကပြည့်မှုက
မိုးခေါင်ဒေသကတစ်တစ်ပင်လောက်တောင်ပြည့်ဝခွင့်မရှိခဲ့တော့...
ကောက်ကြောင်းမလေးရေ...
အသံတိတ်တမ်းတသံတွေနဲ့ဆူဝေနေတဲ့ငါ့ညနေခင်းလေထဲ
မင်းခြေအစုံလေးပြန်လှည့်လာဘို့
ဘ၀ကိုဘယ်လိုဈေးနဲ့ပိုင်းဖြတ်ဆွဲငင်ရမလဲ
အတိတ်က မိုးသဲညတွေထဲ
လေတယ်
တေတယ်
မင်းမရှိတဲ့နေ့တွေမှာ အသက်ကသေတယ်
အတိတ်က မိုးသဲညတွေထဲ
ငါ့အနာဂတ်က တွေတယ်
ငါ့ကဗျာတွေလေနေတယ်

No comments: