Sunday, November 11, 2012

ဝေဒနာ


ဝေးခဲ့ပြီပဲ
ဆယ်နွေကဲသို့
ရင်ထဲကြွမ်းမြေ့
မမေ့နိုင်ရက်
နေ့ရက်များစွာဝေဒနာ၊

သမုဒယနွယ်
ရစ်နှောင်တွယ်ငြိ
ချစ်ခဲ့သမျှ
အိပ်မက်မျှပင်
ခင်ထင်ရော့လား
ရင်ခြားစေ့ခက်
မေ့ရန်ခက်ခဲ
နေ့စွဲများစွာဝေဒနာ၊

မလွမ်းရဲသူမို့
တမင်လမ်းခွဲခဲ့တာလား
သံယောဇဉ်အမျှင်တင်နေသမျှတော့
ပြန်တွေးရင်တောင်ရင်မှာဆွေးပါရဲ့
ညှို့ဟန်ဖွဲ့မုန်မာန်ဆင်
ခင်မကြင်ခင်ထွက်သွားတော့လဲ
လွမ်းအိမ်ဖွဲ့စေရာခရီးမှာ
သောကမိုးစွေနေဆဲပါပဲ
နေ့စွဲများစွာဝေဒနာ၊

အချစ်ရယ်
မခင်လို့ပဲဖြစ်ဖြစ်
မကြင်လို့ပဲပြစ်ပြစ်
ရင့်နင့်အောင်ချစ်ခဲ့သမျှအတွက်
ကိုယ့်ဝန်တာကိုယ်သာခံပါ့မယ်
မောဟလွှမ်းသည်ခရီးမှာ
ဝေဒနာအပူမမျှချင်တော့
ခင့်ဘ၀နဲ့ခင်
ခင်ပျော်လျှင်ကျေကျေနပ်ပါရဲ့
ကြမာဝဋ်မကုန်သေးသရွေ့တော့
သခင်ရယ်
ဆယ်နွေလိုကဲ။
မြတ်ငြိမ်း

No comments: